လှည်းတန်းဆန္ဒပြမှုတွင် ဝမ်းဗိုက် သေနတ်ကျည်ဆန်ထိမှန်ကာသေဆုံးခဲ့ရသည့် ကိုညီညီအောင်ထက်နိုင်၏ ဈာပန ပြုလုပ်
လှည်းတန်းမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဆန္ဒပြမှုအတွင်း ဝမ်းဗိုက်သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့တဲ့ ကိုညီညီ အောင်ထက်နိုင်ရဲ့ ဈာပနကို ဒီကနေ့ မတ် ၂ ရက်က လှော်ကားသုဿန်မှာ ပြုလုပ်ခဲ့ပြီး ပြည်သူအများအပြား လိုက်ပါပို့ ဆောင်ခဲ့ ပါတယ်။