မြဝတီမြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားထိပ်တွင် ဆန္ဒပြရန်စုဝေးရောက်ရှိလာသူများကို ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီး၊ လူဆယ်ဦးထက်မနည်းဖမ်းဆီးခံရ
မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်တွင် မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်က ဆန္ဒဖော်ထုတ်ဖို့ စုဝေးရောက်ရှိလာသူတွေကို ရဲတပ်ဖွဲက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် ဆန္ဒပြဖို့ စုဝေးလာသူ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။