ဆန္ဒပြပွဲ သတင်းယူရင်း ဖမ်းဆီးခံရသည့် ရန်ကုန်မြို့ရှိ သတင်းထောက် ခြောက်ဦး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရ
ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်မြို့မှာ ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက် ခုနှစ်ဦး ရှိသည့်အနက် ခြောက်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး တစ်ဦး ပြန်လည် လွတ်မြောက်ခဲ့ကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေအချို့ ပြောကြားချက်အရ သိရသည်။