မတ် ၃ ရက် နံနက်ခင်း သတင်းအစီအစဉ်
■ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် နှိမ်နင်းမှုများနှင့် ပတ်သက်၍ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများက မြန်မာနိုင်ငံကို ဖိအားပေး
■ ဆန္ဒပြပွဲ သတင်းယူရင်း ဖမ်းဆီးခံရသည့် ရန်ကုန်မြို့ရှိ သတင်းထောက် ခြောက်ဦး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရ
■ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၂၀၀ ကျော်ရှိလာပြီး အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် သေဆုံးသူ ၃၀ ခန့်ရှိကြောင်း AAPP ထုတ်ပြန်
■ ပဲခူးမြို့ ဆန္ဒပြပွဲများတွင် သေဆုံးမှုများ ရှိခဲ့သော်လည်း နေ့စဉ် ဆန္ဒထုတ်ဖော်လျက်ရှိ