NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်၏ အာမခံလျှောက်ထားမှုကို ဥပဒေအရာရှိမှမကန့်ကွက်ခဲ့ဘဲ လာမည့် ရုံးချိန်းတွင် အာမခံရ၊မရအမိန့်ချမည်
ရာဇသတ်ကြီးဥပဒေပုဒ်မ၁၂၄(က)နဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ ကျန်းမာရေးအခြေအနေကြောင့်၎င်းရဲ့ ရှေ့နေတွေကအာမခံလျှောက်ထားခဲ့မှုကိုဥပဒေအရာရှိကမကန့်ကွက်ခဲ့ဘဲလာမယ့်ရုံးချိန်းမှာအာမခံရ၊မရအမိန့်ချမယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောပါတယ်။