အီဘရာဟီမိုဗစ်နဲ့ လီဘရွန်ဂျိမ်းစ်ရဲ့ မဆုံးသေးတဲ့စကားလုံးတိုက်ပွဲ
နိုင်ငံရေးလောကထဲ အားကစားသမားတွေ ဝင်စွက်ဖက်တာ ကြည့်မကောင်းဘူးလို့ပြောပြီး လီဘရွန်ဂျိမ်းစ်ကို အီဘရာဟီမိုဗစ်ရန်စလိုက်တယ်။
လီဘရွန်ဂျိမ်းစ်ကလည်း ကိုယ်မှန်တယ်ထင်တာအတွက် ငြိမ်ခံနေသူမဟုတ်ဘူး။ အီဘရာဟီမိုဗစ်ကိုကြောင်သူတော်လို့တံဆိပ်ကပ်ပြီးလှောင်ပြောင်လိုက်တယ်။
အီဘရာဟီမိုဗစ်က “ကိုယ်ကဘယ်နေရာမှာထူးချွန်လဲ၊ ကိုယ်ထူးချွန်တာကိုပဲ ကိုယ်လုပ်ရမယ်လေ။
ကျွန်တော်ဆိုရင် ဘောလုံးကစားတာသိပ်ပြီး ထူးချွန်တယ်၊ ဒီတော့ဘောလုံးပဲကစားတယ်။
တကယ်လို့ ကျွန်တော်ကနိုင်ငံရေးသမားဆိုရင် နိုင်ငံရေးလုပ်မှာပေါ့။
လူတွေကကျော်ကြားလာရင် နိုင်ငံရေးစကားတွေပြောချင်လာတယ်။
နိုင်ငံရေးစကားတွေပြောချင်လာကြတယ်။
ကျွန်တော်ကတော့ ဒီလိုလုပ်ရပ်မျိုးမလုပ်ပါဘူး။
တခြားလူတွေလုပ်နေရင်လည်း ကြည့်မကောင်းပါဘူးလို့ပြောခဲ့ပါတယ်။
လီဘရွန်ဂျိမ်းစ်က “ မှားယွင်းမှုတွေအတွက် ကျွန်တော်နှုတ်ဆိတ်မနေနိုင်ပါဘူး။
ကျွန်တော်ကကိုယ့်လူမျိုးတွေအကြောင်း တန်းတူညီမျှမှုအကြောင်း၊ လူမျိုးရေးခွဲခြားဆက်ဆံခံရမှုတွေအကြောင်း မဲပေးမှုမှာဝင်ရောက်စွက်ဖက်ခံရမှုအကြောင်း၊ ကျွန်တော်တို့ လူမှုအသိုက်အမြုံထဲကဖြစ်ရပ်တွေအကြောင်း ပြောတာပါ။
ကျွန်တော်က အားကစားနည်းကို ခုတုံးလုပ်နေတာမဟုတ်ပါဘူး။
ဒီနေရာကနေပြောရင် ပိုပြီးထိရောက်တယ်ဆိုတာ သိထားလို့ပါလို့ တုံ့ပြန်ထားပါတယ်။