ပန်းဘဲတန်းမြို့နယ် ၇ ရပ်ကွက် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် သေဆုံး
မတ် ၆ ရက် ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် ပန်းဘဲတန်းမြို့နယ် ၇ ရပ်ကွက် NLD ပါတီ ရပ်ကျေး ဥက္ကဋ္ဌ ဦးခင်မောင်လတ်သည် ညတွင်းချင်း သေဆုံးခဲ့ကြောင်း နာရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားခဲ့ပါတယ်။