ဗီယက်နမ်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံ
ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတုတ္ထအကြိမ် ဖြစ်ပွားတာကို ထိန်းချုပ်ထားနိုင်တဲ့ ဗီယက်နမ်နိုင်ငံဟာ မတ် ၈ ရက်မှာ ကျန်းမာရေးလုပ်သားတွေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးပေးကာ နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို စတင်ခဲ့ပါတယ်။