R2P ဖြင့်ကူညီရန်ဒေါက်တာဆာဆာ တောင်းဆိုသည့်စာကိုရထားဟု UN အတည်ပြု
မြန်မာပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို ရပ်တန့်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ကာကွယ်ပေးဖို့ CRPH ၏ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက ပေးပို့တောင်းဆိုထားတဲ့စာကို လက်ခံရရှိထားကြောင်း ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျားရစ်က မတ်လ ၈ ရက်မှာ အတည်ပြု ထားပါတယ်။