ရှေးခေတ် လက်ဝတ်ရတနာ အသုံးအဆောင်များနှင့် တွင်းထွက်ကျောက်မျက်ရတနာ ပြခန်းများပါဝင်သည့် ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်ကျင်းပ (ရုပ်သံ)
မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက်နေ့က မန္တလေးမြို့ ၇၈လမ်းနှင့် ၃၄လမ်းထောင့်ရှိ ရတနာမောလ်မှာ ပြုလုပ်ခဲ့ပါတယ်။