မတ် ၁၀ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၂၀၀၀ ကျော်ရှိလာပြီး ဆန္ဒပြဖြိုခွဲခံရမှုကြောင့် သေဆုံးသူ ၆၀ ကျော်ရှိလာဟု AAPP ထုတ်ပြန်
ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၀ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၂၀၀၈ ဦးအထိရှိခဲ့ပြီး ဆန္ဒပြမှုများအား ဖြိုခွဲခံရမှုကြောင့် သေဆုံးသူ ၆၀ ကျော်ရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ခဲ့ပါတယ်။