ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းငွေများအနက် သုံးစွဲပြီးကျန်ငွေ ဒေါ်လာ တစ်သန်းကျော်နှင့် ကျပ်ခြောက်ဘီလျံကျော် တွေ့ရှိကြောင်းနှင့် ဖောင်ဒေးရှင်းအမည်ဖြင့် ဌာနဆိုင်ရာထံမှ အခွင့်အရေးရယူထားခြင်း ရှိ မရှိ စစ်ဆေးလျက်ရှိဟု နစက ရှင်းလင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းငွေများအနက် သုံးစွဲပြီးကျန်ငွေ ဒေါ်လာ တစ်သန်းကျော်နဲ့ ကျပ်ခြောက်ဘီလျံကျော် တွေ့ရှိကြောင်း၊ ဖောင်ဒေးရှင်းအမည်နဲ့ ဌာနဆိုင်ရာထံမှ အခွင့်အရေးရယူထားခြင်း ရှိ၊ မရှိ စစ်ဆေးလျက်ရှိတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။