အတိုင်ပင်ခံဘက်မှ ဆောင်ရွက်ပေးမည့်ရှေ့နေများအနက် နှစ်ဦးကိုသာ ရှေ့နေကိုယ်စားလှယ် လက်မှတ်စီစဉ်ပေးမည်

အတိုင်ပင်ခံဘက်မှ ဆောင်ရွက်ပေးမည့်ရှေ့နေများအနက် နှစ်ဦးကိုသာ ရှေ့နေကိုယ်စားလှယ် လက်မှတ်စီစဉ်ပေးမည်
Published 15 March 2021

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဆောင်ရွက်ပေးမည့်ရှေ့နေများအနက် နှစ်ဦးကိုသာ ရှေ့နေကိုယ်စားလှယ် လက်မှတ်စီစဉ်ပေးမည်ဟု ရဲတပ်ဖွဲ့မှပြောဆိုကြောင်း တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်ပြောကြား

ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေတွေအနက် နှစ်ဦးကိုသာ ရှေ့နေကိုယ်စားလှယ်လက်မှတ်စီစဉ်ပေးမယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း အမှုကို လိုက်ပါဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မတ်လ ၁၅ ရက်နေ့က ပြောပါတယ်။