လာမည့်သီတင်းပတ်တွင် မြန်မာ့တပ်မတော်ခေါင်းဆောင်များ၏ စီးပွားရေးလုပ်ငန်းများကို အီးယူက ပိတ်ဆို့အရေးယူသွားမည်
လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့အရေးယူတာတွေပြုလုပ်ဖို့ ဥရောပသမဂ္ဂ(အီးယူ)က လာမယ့်သီတင်းပတ်ထဲမှာ အတည်ပြုသွားမယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး လီဒရီယန် က မတ်လ ၁၆ ရက်နေ့မှာ ပြောပါတယ်။