တစ်လကျော် ခေါ်ယူထိန်းသိမ်းပြီးနောက် တိုင်းနှင့် ပြည်နယ်များမှ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူများကို ပြန်လွှတ်ပေး
ဖေဖေါ်ဝါရီလ ဒုတိယအပတ်မှာ စတင်ထိန်းသိမ်းခံခဲ့ရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကို မတ်လ ၁၇ ရက်နေ့မနက်ပိုင်းမှာ တပ်မတော်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်း မန္တလေးတိုင်းနှင့် ကရင်ပြည်နယ် အပါအဝင် ထိန်းသိမ်းခံထားရသည့် တိုင်းနှင့် ပြည်နယ် များမှ ကော်မရှင် တာဝန်ရှိသူအားလုံးကို ပြန်လွှတ်ပေးသည့် အနေအထားဟု သိရကြောင်း ကော်မရှင် တာဝန်ရှိသူအချို့က ပြောကြားသည်။