အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍဟူသည် အောင်မြင်မှုပန်းတိုင်ရောက်နေခြင်း အခြေအနေမဟုတ်ဘဲ အမြဲတမ်းကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်နေဟု ဦးဖြိုးမင်းသိန်း ပြောကြား
အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍဟူသည် အောင်မြင်မှုပန်းတိုင် ရောက်နေခြင်းမဟုတ်ဘဲ ခေတ်စနစ် အခြေအနေများအရ အမြဲတမ်း ကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ဇန်နဝါရီ(၁၆)ရက်က ရန်ကုန်မြို့ Sky Star Hotel မှာပြုလုပ်တဲ့ YRTA (၂)နှစ်ပြည့် အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ပါတယ်။