မြိတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်သို့ အမျိုးသမီးတစ်ဦးမှ ဝင်ရောက်လုယက်ရန် ကြိုးစားပြီးနောက် အုပ်ချုပ်ရေးမှူး၏ ညီမဖြစ်သူအား အိတ်ချုပ်သည့်အပ်ဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှုဖြစ်ပွားခဲ့
မြိတ်မြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးရဲ့ နေအိမ်အတွင်းသို့ အမျိုးသမီးတစ်ဦးက ဝင်ရောက်လုယက်ဖို့ကြိုးစားခဲ့ပြီး အုပ်ချုပ်ရေးမှူးရဲ့ ညီမဖြစ်သူကို ဆာလာအိတ်ချုပ်တဲ့ (၆)လက်မအရှည် သံဆူးအပ်ဖြင့် အချက်ပေါင်းများစွာ ထိုးနှက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။