ဆန္ဒပြဖြစ်စဉ်များနှင့် ပတ်သက်၍ တိုက်ခိုက်ခံရမှုများကြောင့် သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် တပ်မတော်သား လေးဦးရှိပြီး ဒလံအဖြစ် စွပ်စွဲခံရ၍ အသတ်ခံရသူ ၃၅ ဦး ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ဆန္ဒပြဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တိုက်ခိုက်ခံရမှုတွေကြောင့် သေဆုံးသူ ရဲတပ်ဖွဲ့ဝင် ငါးဦးနဲ့ တပ်မတော်သား လေးဦးရှိပြီး ဒလံအဖြစ် စွပ်စွဲခံရ၍ အသတ်ခံရသူ ၃၅ ဦး ရှိကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၁၆၄ ဦးရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။