ခင်ဦးမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ညကင်းစောင့် လူငယ်များအား ပြန်လွှတ်ပေးခဲ့

ခင်ဦးမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ညကင်းစောင့် လူငယ်များအား ပြန်လွှတ်ပေးခဲ့
Published 25 March 2021

ခင်ဦးမြို့တွင် ညကင်းစောင့် လူငယ်များအား ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ဒေသခံပြည်သူများ ရဲစခန်း ရှေ့တောင်းဆို ဆန္ဒပြခဲ့ရာ ပြန်လွှတ်ပေးခဲ့ရပြီး ယနေ့နံနက်ပိုင်းတွင် တပ်နှင့်ရဲတပ်ဖွဲ့အင်အားတိုးချဲ့ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့မှာ မတ် ၂၄ ရက်က ညကင်းစောင့်နေတဲ့ လူငယ်များကို သေနတ် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဒေသခံပြည်သူများက ရဲစခန်းရှေ့ တောင်းဆိုဆန္ဒပြမှုများပြုလုပ်ခဲ့ရာ ပြန်လွှတ် ပေးခဲ့ပြီး မတ်လ ၂၅ ရက်နေ့မှာတော့ တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့က မြို့အတွင်း အင်အား တိုးချဲ့ရန် ပြင်ဆင် နေကြောင်း မြို့ခံပြည်သူများထံမှ စုံစမ်းသိရပါတယ်။