မော်လမြိုင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းမှုအတွင်း ရာဘာကျည်ထိမှန်မှုများနှင့်ဖမ်းဆီးခံရသူ ၁၀ဦးရှိ

မော်လမြိုင်သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းမှုအတွင်း ရာဘာကျည်ထိမှန်မှုများနှင့်ဖမ်းဆီးခံရသူ ၁၀ဦးရှိ
Published 25 March 2021

မော်လမြိုင် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းမှုအတွင်း ရာဘာကျည်ထိမှန်မှုများရှိပြီး ကျောင်းသားပြည်သူ (၁၀) ဦးထက်မနည်းဖမ်းဆီးခံရ

မော်လမြိုင်မြို့မှာ မတ်လ (၂၅) ရက် နံနက် (၈) နာရီအချိန်ခန့်ကပြုလုပ်ခဲ့တဲ့ မော်လမြိုင်သပိတ် စစ်ကြောင်း ကို မော်လမြိုင်မြို့ ရွှေမြိုင်သီရပ်ကွက်၊ လမုတန်းဈေးအနီးမှာ တပ်မတော် နှင့် ရဲတပ်ဖွဲ့မှ အသံဗုံးများ၊ ရာဘာ ကျည်များဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့အတွင်း အနည်းဆုံး လူ (၂) ထက်မနည်း ရာဘာကျည်ထိမှန်ခဲ့ပြီး ကျောင်းသားပြည်သူ (၁၀) ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ကနဦးသတင်း သိရပါတယ်။