အယ်လီရဲ့ အသည်းကွဲရာသီ (Sports Feature)
အသည်းကွဲရာသီထဲ နွေ ညနေခင်းတွေဟာ ပိုပြီး ခြောက်သွေ့ပူလောင်နေတယ်။ အသည်းကွဲရာသီထဲ ညလယ် ကောင်အိပ်မက်တွေဟာ ခါးသက်နေ တယ်။ ချစ်ရသူတစ်ဦးနဲ့ လမ်းခွဲရပြီးနောက် အသည်းကွဲရာသီထဲ ခိုလေးတွေရဲ့ ညည်းညူသံ ဟာ ကိုယ့်ဘဝနဲ့ တစ်ထပ်တည်းကျနေသလို၊ မနက် ခင်းတွေဟာ စိုပြေလန်းဆန်းမှုမရှိ၊ မြင်ကွင်းတွေဟာ ညိုး ရော်ပြတ်ရှလို့နေတယ်။ စပါးရဲ့ တစ်ချိန်တုန်းက ကြယ်ပွင့် အယ်လီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ ဇာတာကျနေ သလို၊ နှလုံးသားရေးရာကိစ္စမှာလည်း ကံမကောင်းရှာဘူး။ အသည်း ကွဲရာသီထဲ ဆွေးမြေ့နေခဲ့ရတယ်။ အယ်လီက ချစ်ရသူ ရူဘီနဲ့ ပြတ်စဲပြီး နောက် အရာအားလုံး အဆင်မပြေသလို ခံစားခဲ့ရတာပါပဲ။ အယ်လီရဲ့ရင်ခွင်ကို ရူဘီစွန့်ခွာရတဲ့အကြောင်းရင်းဟာ ရယ်ချင်စရာများဖြစ်နေမလား။ အွန်လိုင်းဂိမ်းစ် တွေ မက်မောလွန်းလို့ အယ်လီကို ရူဘီ ချန်ထားရစ်ခဲ့တာပါပဲ။