တပ်မတော် လက်အောက်ရှိ စီးပွားရေးလုပ်ငန်းစု နှစ်ခုကို အမေရိကန်နှင့် ဗြိတိန်က အရေးယူပိတ်ဆို့
တပ်မတော် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်းစုကြီး နှစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ကို အမည်ပျက်စာရင်းသွင်း အရေးယူပိတ်ဆို့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၂၅ ရက်မှာ ကြေညာပါတယ်။