ဖိုဒန်က မန်စီးတီး ဂန္ထဝင်ဖြစ်လာမလား

ဖိုဒန်က မန်စီးတီး ဂန္ထဝင်ဖြစ်လာမလား
Published 28 March 2021

ဂွါဒီယိုလာက မက်ဆီရဲ့ ပါရမီကို ပိုပြီးထက်မြက်အောင် လှုံ့ဆော်ပျိုးထောင်ပေးသူပါပဲ။ အခုလည်း ဖိုဒန်ဟာ ဖြစ်ဖဲတစ်ချပ်ဆိုတာ ဂွါဒီယိုလာသိထားပြီး ပြုစုယုယနေပြန်ပြီ။ ဖိုဒန်နဲ့ပတ်သက်ရင် ဂွါဒီယိုလာက အကောင်းမြင်စိတ် များလေ့ရှိတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖိုဒန်အကြောင်းပြောတော့ ဂွါဒီယိုလာရဲ့ မျက်နှာ ပြုံးရွှင်နေတာပဲ။ “ အရည်အသွေးအရှိဆုံးကစားသမားဖြစ်တဲ့အကြောင်း” ထပ်ခါထပ်ခါပြောသွားတယ်။ Most Most Most Talented Player ဆိုပြီးချီးကျူးခဲ့တာပါပဲ။ သူ့ရဲ့ပရော် ဖက်ရှင်နယ်ဖြတ်သန်းမှုတစ်လျှောက်ပင်ကိုအရည် အသွေးအမြင့်မားဆုံးလို့လည်း တင်စားခဲ့တယ်။

ဂွါဒီယိုလာက “ ဖိုဒန်က မန်စီးတီးရဲ့ ဂန္ထဝင်ဖြစ်လာမယ်ဆိုတာ သိပ်ပြီးသေချာပါတယ်။ ကျွန်တော်တို့က သူ့ကို ပြုစုပျိုးထောင်ပေးရမယ်၊ ဂရုစိုက်ရ မယ်။ ကျန်တဲ့အရာတွေကို သူ စွမ်းဆောင်ပြ သွားပါလိမ့်မယ်” လို့ပြောခဲ့ပါတယ်။