မြန်မာ့အရေး အပေါ် တုံ့ပြန်ရန် အမေရိကန်အစိုးရကဆောင်ရွက်နေကြောင်း သမ္မတ ဂျိုးဘိုင်ဒန် ပြောကြား
ဆန္ဒပြသူတွေ ဖြိုခွင်းခံရမှုအတွင်း မတ်၂၇ရက်နေ့တစ်ရက်တည်းမှာ ပစ်ခတ်မှုကြောင့် ကလေးတွေအပါအဝင် လူ၁၁၄ဦး သေဆုံးခဲ့ပြီးနောက် မြန်မာ့အရေး အပေါ် အမေရိကန်ကတုံ့ ပြန်ရေးအတွက် မိမိအစိုးရက ဆောင်ရွက်နေတယ်လို့မတ်၂၈ရက်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။