အစ္စလာမ်မစ် စစ်သွေးကြွများဝိုင်းထားသည့် မိုဇမ်ဘစ်သဘာဝဓာတ်ငွေ့ မြို့ငယ်တွင် လူဒါဇင်ချီ သေဆုံးခဲ့သည်ဟု တာဝန်ရှိသူပြောကြား
ထွက်ပြေးဖို့ကြိုးစားတုန်း ခြုံခိုတိုက်ခိုက်ခံရတဲ့အတွက် သေဆုံးသူခုနှစ်ဦးအပါအဝင် ယခုသီတင်းပတ် အတွင်း မိုဇမ်ဘစ်မြောက်ပိုင်း မြို့လေးတစ်မြို့ဖြစ်တဲ့ ပါးလ်မား တိုက်ခိုက်ခံရတာကြောင့် လူဒါဇင်ချီသေဆုံးခဲ့တယ်လို့ မတ်၂၈ရက်မှာ ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့များ ဆိုင်ရာပြောရေးဆိုခွင့်ရှိ သူကပြောကြားခဲ့ပါတယ်။