ဖာပွန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ဒေသခံခုနှစ်ဦး ထိုင်းတွင် ဆေးကုသနေ

ဖာပွန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ဒေသခံခုနှစ်ဦး ထိုင်းတွင် ဆေးကုသနေ
Published 31 March 2021

ဖာပွန်ခရိုင်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကရင်တိုင်းရင်းသားခုနှစ်ဦး ထိုင်းနိုင်ငံ Sop Moei Hospital တွင် ဆေးကုသနေ(ရုပ်သံ)

ကရင်ပြည်နယ်ဖာပွန်ခရိုင်မှာ တပ်မတော်ရဲ့လေယာဉ်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိတဲ့ ဒေသခံအမျိုးသားသုံးဦးနဲ့ အမျိုးသမီး လေးဦး ဆေးကုသနိုင်ဖို့အတွက် ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်မှာရှိတဲ့ စွတ်မိန်းမြို့နယ်ဆေးရုံကြီးကို မတ်လ ၃၀ ရက်နေ့က ပို့ဆောင်ထားတယ်လို့ သိရပါတယ်။