မြန်မာဘက်မှထွက်ပြေးလာသူများအား အိမ်နီးချင်းနိုင်ငံများမှ အကာအကွယ်ပေးကြရန် UNHCR တိုက်တွန်း

မြန်မာဘက်မှထွက်ပြေးလာသူများအား အိမ်နီးချင်းနိုင်ငံများမှ အကာအကွယ်ပေးကြရန် UNHCR တိုက်တွန်း
Published 1 April 2021

မြန်မာနိုင်ငံမှာ အခြေအနေတွေဆိုးလာပြီး ပြည်သူတွေဒုက္ခကြုံနေရ၊ အိုးအိမ်ပစ်ပြေးနေကြတာတွေကြောင့် တုန်လှုပ်မိကြောင်း  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ကကြေညာချက်ထုတ်ပြန်ထားပြီး စစ်ရှောင်မြန်မာဒုက္ခသည် တွေကို အိမ်နီးချင်းနိုင်ငံတွေက ကာကွယ်ပေးကြဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။