လူ ၅၁ ဦး သေဆုံးခဲ့ရသည့် ရထားတိမ်းမှောက်မှုကို တာဝန်ယူကြောင်း ထိုင်ဝမ် သယ်ယူပို့ဆောင်ရေးဝန်ကြီး ပြောကြား
လူပေါင်း ၅၁ ဦး သေဆုံးခဲ့ပြီး လူ ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရထားလမ်းချော် တိမ်းမှောက်ခဲ့တဲ့ နေရာကို ဧပြီလ ၄ ရက် မနက်ပိုင်းမှာ ထိုင်ဝမ်သယ်ယူပို့ဆောင်ရေးဝန်ကြီး လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။