မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်မှုကို အဆုံးသတ်ရန်ဟုPOSCO စဉ်းစားနေ
မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်မှုကို အဆုံးသတ်ရန် နည်းလမ်းရှာ စဉ်းစားနေဟု တောင်ကိုရီးယား သံမဏိကုမ္ပဏီကြီး POSCO ပြော
တောင်ကိုရီးယား သံမဏိထုတ်လုပ်ရေး ကုမ္ပဏီကြီး POSCO ဟာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ ဖက်စပ်လုပ်ကိုင်မှုကို ဘယ်လိုဘယ်ပုံ အဆုံးသတ်သွားမလဲ ဆိုတာကို နည်းလမ်းရှာစဉ်းစားနေတယ်လို့ အဲဒီကိစ္စရပ်ကို တိုက်ရိုက်သိရှိထားတဲ့ သတင်းရင်းမြစ်နှစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။