မန္တလေးမြို့တွင် ကျန်းမာရေးမိသားစု အရုဏ်ဦးသပိတ် စုရပ်နေရာတွင် သေနတ်ပစ်ဖောက် လူစုခွဲခံရ
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၁ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာရှိတဲ့ ကျန်းမာရေးမိသားစုသပိတ် စုရပ်နေရာကို ဧပြီလ ၆ ရက် မနက် ၆ နာရီဝန်းကျင်က ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ကာ လူစုခွဲဖမ်းဆီးမှုအတွင်း ကလေးအထူးကုဆရာဝန် နှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။