အဓမ္မခိုင်းစေမှုများ လုံးဝပပျောက်စေရန်ရည်ရွယ်၍ အဓမ္မခိုင်းစေခံရသူများ တိုင်ကြားနိုင်ရန် နိုင်ငံတော်အဆင့် ယန္တရားတစ်ခု ထူထောင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောကြား
အဓမ္မခိုင်းစေမှု လုံးဝပပျောက်စေဖို့ရည်ရွယ်ပြီး အဓမ္မခိုင်းစေခံရသူတွေ တိုင်ကြားနိုင်ဖို့ နိုင်ငံတော်အဆင့် ယန္တရား တစ်ခုကို ထူထောင်သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဇန်နဝါရီ ၁၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။