ဧပြီ ၈ ရက် နံနက်ခင်း သတင်းအစီအစဉ်
■ ရန်ကုန်မြို့ရှိ အမေရိကန်စင်တာကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်
■ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးရယူခြင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးခြင်းများနှင့် ပတ်သက်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကြောင်း ထုတ်ပြန်
■ CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်းနှင့် အခြားလှုံ့ဆော်မှုများ ဆောင်ရွက်သည်ဟုဆိုကာ သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်၊ အဆိုတော်တူးတူး အပါအဝင် လူပုဂ္ဂိုလ် ၂၀ ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံ အမှုဖွင့်
■ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံရေးဖြစ်စဉ် ချက်ချင်း ပြန်လည်ဖော်ဆောင်ရန် တပ်မတော်ကို တွန်းအားပေးမည်ဟု ဂျပန်ဝန်ကြီးချုပ် ပြောကြား