တောင်ကိုရီးယားတွင် ကိုဗစ်ကူးစက်မှုစတုတ္ထလှိုင်းအပေါ် စိုးရိမ်မှုမြင့်တက်နေစဉ် နိုက်ကလပ်နှင့်ကာရာအိုကေဆိုင်များကို ပိတ်သိမ်းရန် ညွှန်ကြား
တောင်ကိုရီးယားနိုင်ငံမှာ နိုက်ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေနဲ့ အခြားညဖျော်ဖြေရေးရုံတွေကို ပြန်လည်ပိတ်ပင် သွားမယ်လို့ အာဏာပိုင်တွေက ဧပြီလ ၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။