ရှင်ကျန်းဒေသတွင် အတင်းအဓမ္မ အလုပ်စေခိုင်းမှုများမရှိကြောင်း တရုတ်အာဏာပိုင်များငြင်းဆို
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့သူတွေဟာ လွတ်လပ်စွာအလုပ်လုပ်ခွင့်ရတာကို ပျော်နေကြတယ်လို့ ရှင်ကျန်းဒေသရဲ့ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။