အရေးပေါ်ကာလသည် ၂ နှစ်အတွင်းအပြီးဖြစ်ပြီး ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရရှိသူများကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
တပ်မတော်အနေနဲ့ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ဆောင်သွားမှာဖြစ်ပြီး အရေးပေါ်ကာလဟာ ၂ နှစ် အတွင်းအပြီးဖြစ်ကာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသူတွေကို နိုင်ငံတော်တာဝန်လွှဲပြောင်းပေးရမှာဖြစ်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။