ခွဲစိတ်ကုသရန် အခက်အခဲရှိတဲ့ မွေးရာပါနှလုံးအပေါက်ပါဝေဒနာရှင် ကလေးငယ်များကို စတင်ကူညီထောက်ပံ့ပေးမယ့် လင်းလင်းနဲ့ ချစ်သုဝေတို့တည်ထောင်တဲ့ “ခေတ်သစ်” ဖောင်ဒေးရှင်း

ခွဲစိတ်ကုသရန် အခက်အခဲရှိတဲ့ မွေးရာပါနှလုံးအပေါက်ပါဝေဒနာရှင် ကလေးငယ်များကို စတင်ကူညီထောက်ပံ့ပေးမယ့် လင်းလင်းနဲ့ ချစ်သုဝေတို့တည်ထောင်တဲ့ “ခေတ်သစ်” ဖောင်ဒေးရှင်း
Published 18 January 2019

တေးသံရှင် လင်းလင်းနဲ့ သရုပ်ဆောင်ချစ်သုဝေတို့ ဇနီးမောင်နှံက အမွှာသမီးငယ်လေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ရဲ့ (၂)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် ငွေကျပ်သိန်း(၂၀၀)မတည်ကာ “ခေတ်သစ်”ဖောင်ဒေးရှင်းကို သမီးလေးတွေရဲ့မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ(၁၉)ရက်နေ့မှာ စတင်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။“ခေတ်သစ်”ဖောင်ဒေးရှင်းရဲ့ ပထမအဆင့်အနေနဲ့ ခွဲစိတ်ကုသစရိတ် အမှန်တကယ် လိုအပ်နေတဲ့ အသက်ငါးနှစ်အောက် မွေးရာပါနှလုံးအပေါက်ပါ ဝေဒနာရှင်ကလေးငယ်တွေ ခွဲစိတ်ကုသနိုင်ဖို့ ထောက်ပံံ့လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။

Most Viewed

Most Recent