ငွေကြေးအလွဲသုံးစားမှုများ ရှိခဲ့သည်ဟုဆိုကာ ပါတီမှထုတ်ပယ်ခံထားရသည့် ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌအား ဆက်လက်အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်သည်ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြော
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုဖို့ မော်တော်ယာဉ်များဝယ်ယူရာ ငွေကြေး အလွဲသုံးစားမှုများ ရှိခဲ့တယ်လို့ ဆိုကာ ပါတီမှ ထုတ်ပယ်ခံထားရတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌဦးစံမင်းအောင်ကို ဆက်လက်အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်သွားနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားခဲ့ပါတယ်။