COVAX program မှတဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရရှိရန် ဗင်နီဇွဲလားက အမေရိကန်ဒေါ်လာ ၆၄ သန်း ပေး
ဗင်နီဇွဲလားဟာ ကမ္ဘာလုံးဆိုင်ရာ COVAX program ကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ လက်ခံရရှိဖို့ လိုအပ်တဲ့ပမာဏရဲ့ တစ်ဝက်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၆၄ သန်းကို ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ဒုတိယသမ္မတ ဒလ်စီရိုဒရီဂွက်ဇ် က အစိုးရရုပ်သံကနေ ပြောကြားခဲ့ပါတယ်။