San Francisco Bay area ကမ်းခြေများတွင် မီးခိုးရောင် ဝေလငါး လေးကောင် သေဆုံးကာ ကမ်းခြေတွင် သောင်တင်
ကိုးရက်အတွင်း San Francisco Bay area ကမ်ခြေတွေမှာ မီးခိုးရောင် ဝေလငါး လေးကောင် သောင်တင်နေခဲ့ပြီး ၎င်းတို့ထဲက နှစ်ကောင်ဟာ သင်္ဘောတွေနဲ့ တိုက်မိလို့သေဆုံးခဲ့တာ ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောကြားခဲ့ကာ တခြား ဝေလငါးနှစ်ကောင် သေဆုံးတာနဲ့ ပတ်သက်လို့ ဧပြီ ၁၀ ရက်မှာ စုံစမ်းစစ်ဆေးနေတယ်လို့ ဇီဝဗေဒပညာရှင်တွေက ပြောပါတယ်။