ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေများ ပင်လယ်ထဲစွန့်မည့်အစီအစဉ် ဆိုးလ်တွင်ဆန္ဒပြ

ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေများ ပင်လယ်ထဲစွန့်မည့်အစီအစဉ် ဆိုးလ်တွင်ဆန္ဒပြ
Published 20 April 2021

ဂျပန် ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေများ ပင်လယ်သမုဒ္ဒရာထဲ စွန့်ထုတ်မည့် အစီအစဉ်ကြောင့် ဆိုးလ်တွင် ဆန္ဒပြမှုများ ဆက်လက် ဖြစ်နေ 

ပျက်စီးထားတဲ့ ဖူကူရှီးမား နျူကလီးယားစက်ရုံကနေ တန်ချိန် တစ်သန်းကျော်ရှိတဲ့ ရေတွေကို ပစိဖိတ်သမုဒ္ဒရာထဲ စွန့်ထုတ်သွားမယ်လို့ ဂျပန်အစိုးရက ဧပြီ ၁၃ ရက်မှာ ကြေညာလိုက်ပြီးကတည်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဧပြီလ ၁၉ ရက်အထိ တက်ကြွလှုပ်ရှားသူတွေက ကန့်ကွက်ဆန္ဒပြမှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။