ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ ဂျာကာတာတွင် တွေ့ဆုံဆွေးနွေးခဲ့

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ ဂျာကာတာတွင် တွေ့ဆုံဆွေးနွေးခဲ့
Published 27 April 2021

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ ဂျာကာတာတွင် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း Nikkei Asia သတင်းတစ်ရပ်၌ ဖော်ပြ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂါနာဟာ ဧပြီလ ၂၄  ရက်နေ့က ဂျာကာတာမှာ ပြုလုပ်တဲ့မြန်မာ့အရေးဆိုင်ရာအာဆီယံခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံခဲ့တယ်လို့ အာဆီယံဒေသတွင်းသံတမန်တွေကပြောတယ်လို့ Nikkei asia သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။