မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟက်ဆန် ဝီရာဂျူဒါကို အဆိုပြုရန် ဘရူနိုင်းဆန္ဒရှိ
မြန်မာနိုင်ငံအတွက် ခန့်အပ်မယ့် အာဆီယံအထူးကိုယ်စားလှယ်နေရာအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဘရူနိုင်းနိုင်ငံက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဟက်ဆန် ဝီရာဂျူဒါ ကို အဆိုပြုဖို့စဉ်းစားထားတယ်လို့ ဧပြီလ ၂၆ ရက်နေ့က Nikkei Asia သတင်းတစ်ရပ်က ဖော်ပြခဲ့ပါတယ်။