အစ္စရေးဘာသာရေးပွဲတော်တွင် လူအုပ်ပြိုကာ တက်နင်းမှုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး ၄၄ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရ
ဧပြီလ ၃၀ ရက်က အစ္စရေးနိုင်ငံမှာပြုလုပ်တဲ့ လူပြည့်ကြပ်နေတဲ့ ဘာသာရေးမီးပုံပွဲတော်တစ်ခုမှာ လူအုပ်ပြိုကာ တက်နင်းမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၄၄ဦး အနင်းခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့ကြပါတယ်။