မိသားစုပိုင် ခြံမြေအတွင်းသို့ ဝင်ရောက်ကျူးကျော်ခြံခတ်ပြီး ဓားဖြင့်ခြိမ်းခြောက်သူကို အရေးယူပေးရန် တိုင်ကြားသော်လည်း သက်ဆိုင်ရာမှ အရေးယူမှုမရှိသဖြင့် နေပြည်တော်တွင် ဆန္ဒထုတ်ဖော်ခဲ့
နွားထိုးကြီးမြို့နယ် လျော်ဖြူတောင်ကျေးရွာရှိ မိသားစုပိုင် ၀ိုင်းခြံမြေတစ်ခုအတွင်း ဝင်ရောက်ကျူးကျော် ခြံခတ်ပြီး ဓားနဲ့ခြိမ်းခြောက်သူကို အရေးယူပေးဖို့ သက်ဆိုင်ရာထံ တိုင်ကြားပေမယ့် အရေးယူမှုမရှိတဲ့အတွက် ခြံပိုင်ရှင်မိသားစုဝင် နှစ်ဦးက ဇန်နဝါရီလ (၁၈) ရက်နေ့က နေပြည်တော်သို့ သွားရောက်ဆန္ဒထုတ်ဖော် ခဲ့ပါတယ်။