မလေးရှား နိုင်ငံခြားရေးဝန်ကြီး၏ စင်ကာပူ ခရီးစဉ်အတွင်း မြန်မာ့အရေး ထည့်သွင်းဆွေးနွေး
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အချက် ငါးချက်ပါ ဘုံသဘောတူညီချက်အတိုင်း ဆက်လက် ဖော်ဆောင်သွားဖို့နဲ့ သက်ဆိုင်သူတွေအကြား ဆွေးနွေးအဖြေရှာမှုတွေ ဆက်လုပ်သွားဖို့ လိုအပ်ကြောင်း မလေးရှားနဲ့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးတွေက မေ ၂ ရက်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။