လူကာကူဟာ ကိုယ်အလေးချိန်မြင့်မား နေတဲ့ ခပ်လေးလေးလူပိုကြီးမဟုတ်တော့ဘူး။ အင်တာမီလန်ရဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေရာ စီးရီးအေချန်ပီယံဆုအတွက် သစ် လွင်စွာ တက်ကြွလှုပ်ရှားသူဖြစ်ခဲ့ပြီ။ လူကာကူ ကို အင်တာမီလန် ခေါ်ယူလိုက်ချိန်မှာ လူတွေက နှာခေါင်းရှုံ့ကြတယ်။ လူပိုကြီးက ဘာလုပ်နိုင်မှာ လဲဆိုပြီး သံသယဝင်ခဲ့ကြတယ်။ အခုဆိုရင် လူပို ကြီးဟာ လူသန်ကြီးအဖြစ် အသွင်ပြောင်းပြီး ပြိုင် ဘက်ခံစစ်တွေကို ပြိုလဲစေခဲ့ပြီးပြီ။ သွင်းဂိုး (၂၁) ဂိုး သွင်းယူပြီး သူ့သမိုင်းသူ ပြန်လည်ခမ်းနားစေ ခဲ့ပြီ။ ဂျူဗင်တပ်စ်ရဲ့ (၉)ရာသီဆက် စီးရီးအေ ချန်ပီယံဆုလွှမ်းမိုးထားမှုကို အဆုံးသတ်စေခဲ့ပြီ။ လူကာကူနဲ့ ပတ်သက်ရင် ကွန်တီက ယုံကြည် စိတ်ရဲခဲ့သူပါပဲ။ လူကာကူ ဆောင်ယူလာမယ့် အ နာဂတ်နဲ့ လူကာကူ ဖန်ဆင်းပြမယ့် ထက်မြက် အရည်အသွေးတွေအကြောင်း ကြိုတွေးမိသူ ကွန် တီပါပဲ။
လူကာကူဟာ လူပိုကြီး မဟုတ်ဘူး
Most Viewed
Most Recent
6 hours ago
3 days ago
4 days ago
5 days ago