နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ် ဆောင်ရွက်မှုကို ရပ်နားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြောကြား
ပါတီရဲ့ တောင်းဆိုချက်တချို့ မရရှိတာနဲ့ ရခိုင်အမျိုးသားအကျိုးစီးပွား တစ်စုံတစ်ရာ တိုးတက်လာမှု မရှိတာတွေကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ ဆက်စပ်ဆောင်ရွက်မှုတွေကို ရပ်နားဖို့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့တယ်လို့ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားပါတယ်။