ဂျပန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အခြေအနေကို မေလ ၃၁ ရက်အထိ သက်တမ်းတိုးမည်
တိုကျိုအိုလံပစ်ပြိုင်ပွဲမစခင် လပိုင်းအလိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်တွေ မြင့်တက်လာတာကိုထိန်းချုပ်ဖို့ ဂျပန် အစိုးရဟာ တိုကျိုနဲ့ တခြားဒေသသုံးခုမှာ အရေးပေါ်အခြေအနေကြေညာထားတာကို မေလကုန်အထိ သီတင်းသုံးပတ်လောက် သက်တမ်းတိုးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။