သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ အပါအဝင် ဒေါ်လာ ၂.၈ ဘီလီယံ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို တပ်မတော်အစိုးရ ခွင့်ပြုခဲ့ဟု ရိုက်တာ ဖော်ပြ
မြန်မာ့တပ်မတော်အစိုးရဟာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ကုန်ကျမယ့် သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံအပါအဝင် အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံနီးပါး တန်ကြေးရှိတဲ့ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ခွင့်ပြုပေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။