သမ္မတ၊အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့၏ အမှုများအား အတိုင်ပင်ခံအိမ်ရာတည်ရှိသည့် မြနန်းဘုံသာလမ်းရှိ သီးသန့်တရားရုံးတွင် စစ်ဆေးမည်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့အမှုတွေကို လာမယ့် ရုံးချိန်းမှ စတင်ပြီး အတိုင်ပင်ခံအိမ်ရာတည်ရှိတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ မြနန်းဘုံသာလမ်းရှိ သီးသန့်တရားရုံးမှာ တရားခွင်ပုံစံအတိုင်း စစ်ဆေးမယ်လို့ သိရပါတယ်။